{
  "data":{
  "audio": null,
  "category": "Story",
  "date_created": "2019-08-01T11:17:47-0600MDT",
  "date_updated": "2026-10-09T22:03:41-0600MDT",
  "id": 430,
  "images": [],
  "language": "my",
  "main": false,
  "parent": 10,
  "repository": "The Room",
  "status": "Publish",
  "summary": "သမ္မာ​ကျမ်း​စာ​တွင်​ အောက်​ပါ​အတိုင်း​ဖတ်​ရ​သည်​။ “သေ​လွန်​သော​သူ​ အကြီး​အငယ်​တို့​သည်​ ပလ္လင်​တော်​ရှေ့​မှာ​ရပ်​နေ​ကြ​သည်​ကို​ ငါ​မြင်​၏​။ စာ​စောင်​များ​ကို​ ဖွင့်​ထား​၏​။ အသက်​စာ​စောင်​တည်း​ဟူ​သော​ အခြား​တစ်​ပါး​သော​စာ​စောင်​ကို​လည်း​ ဖွင့်​လေ​၏​။ သေ​လွန်​သော​သူ​တို့​သည်​ မိမိ​တို့​အကျင့်​အတိုင်း​ စာ​စောင်​တို့​၌​ ရေး​ထား​ချက်​များ​နှင့်​အညီ​ တရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏​” (ဗျာ​ဒိတ်​ကျမ်း​ ၂၀​:၁၂​)။ ဘုရား​သခင်​မှတ်​တမ်း​ထား​သည်​မှာ​ ဤ​ကျမ်း​ပိုဒ်​က​ သက်​သေ​ဖြစ်​သည်​။ အမေ​ရိ​ကန်​ပြည်​ထောင်​စု​ မာ​ရီ​လန်း​ပြည်​နယ်​မှ​ လူ​ငယ်​တစ်​ဦး​ဖြစ်​သူ​ ဂျို​ဆွာ​ဟဲ​ရစ်​သည်​ ပွာ​တို​ရီ​ကို​နိုင်ငံ​တွင်​ အချိန်​အတန်​ကြာ​နေ​ထိုင်​ခဲ့​သည်​။ တစ်​ည​တွင်​ အိပ်​မက်​တစ်ခု​မြင်​ရာ​ မိမိ​၏​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​မှု​ကို​ ပဲ့​ပြင်​သည့်​အနေ​ဖြင့်​ ဘုရား​သခင်​မှ​ပေး​မက်​သည်​ဟု​ ခံ​စား​မိ​လေ​သည်​။ သည်​အိပ်​မက်​သည်​ ယေ​ရှု​ခရစ်​ကိုယ်​တော်​တိုင်​နှင့်​ အသွေး​တော်​၏​ အသက်​တာ​ပြောင်း​လဲ​စေ​နိုင်​သော​ တန်​ခိုး​စွမ်း​အား​ကို​ ဂျို​ဆွာ​ဟဲ​ရစ်​အား​ ပြန်​လည်​အမှတ်​ရ​စေ​ခဲ့​သည်​။ ထို​အိပ်​မက်​အကြောင်း​ကို​ မိတ်​ဆွေ​တို့​အား​ ဝေ​မျှ​လို​ပါ​သည်​။ ကျွန်​တော်​ နိုး​တစ်​ဝက်​၊ အိပ်​တစ်​ဝက်​ဖြစ်​နေ​ချိန်​မှာ​ အခန်း​လေး​တစ်ခု​ထဲ​ရောက်​နေ​တာ​ကို​ တွေ့​လိုက်​ရ​တယ်​။ နံ​ရံ​တစ်​ဘက်​မှာ​ အက္ခ​ရာ​စဉ်​ထား​တဲ့​ ဖိုင်​တွဲ​ငယ်​တွေ​အပြည့်​ရှိ​နေ​တာ​က​လွဲ​လို့​ အခန်း​က​ ထူး​ထူး​ခြား​ခြား​မရှိ​ပါ​ဘူး​။ ဖိုင်​တွဲ​တွေ​က​ စာ​ကြည့်​တိုက်​ထဲ​က​ စာ​ရေး​ဆရာ​အမည်​၊ ဒါ​မှ​မဟုတ်​ ဘာ​သာ​ရပ်​ကို​လိုက်​ပြီး​ ခေါင်း​စဉ်​တွေ​ကို​ အက္ခ​ရာ​စဉ်​အလိုက်​ပြု​စု​ထား​တဲ့​ ဖိုင်​တွေ​နဲ့​ အလား​တူ​ပါ​တယ်​။ ဒါ​ပေ​မဲ့​ ခေါင်း​စဉ်​တွေ​က​တော့​ လုံး​ဝ​ကွဲ​ပြား​ပါ​တယ်​။ ဖိုင်​တွေ​က​ ကြမ်း​ပြင်​က​နေ​ မျက်​နှာ​ကြက်​အထိ​ ရောက်​နေ​ပြီး​ မဆုံး​နိုင်​လောက်​အောင်​ပါ​ပဲ​။ ဖိုင်​တွဲ​ထား​ရာ​နံ​ရံ​နား​ကပ်​လိုက်​ချိန်​မှာ​ ကျွန်​တော့်​ရဲ့​အာ​ရုံ​ကို​ ပထမ​ဆုံး​ဖမ်း​စား​ထား​တဲ့​အရာ​က​ “ကျွန်​တော်​ချစ်​ကြိုက်​ခဲ့​သော​ မိန်း​ကလေး​များ​” ဆို​တဲ့​ဖိုင်​တွဲ​ပါ​။ ဒါ​ကို​ဖွင့်​ပြီး​ ကတ်​ပြား​တွေ​ကို​ အပြေး​အလွှား​လှန်​လှော​ဖတ်​လိုက်​တယ်​။ ကတ်​ပေါ်​က​နာမည်​တွေ​ကို​ ရင်း​နှီး​နေ​တာ​ကြောင့်​ အလန့်​တကြား​ အမြန်​ပြန်​ပိတ်​လိုက်​ရ​တယ်​။ အဲ​ဒီ​အချိန်​မှာ​ ကိုယ်​ရောက်​နေ​တဲ့​နေရာ​ကို​ မပြော​ဘဲ​ အလို​လို​သိ​လာ​တယ်​။ ဖိုင်​တွဲ​တွေ​နဲ့​ အသက်​မဲ့​အခန်း​လေး​ဟာ​ ဘဝ​ကို​မှတ်​တမ်း​တင်​တဲ့​ ကတ်​တ​လောက်​စနစ်​တစ်ခု​ပါ​လား​။ ဒီ​နေရာ​မှာ​ မှတ်​ဉာဏ်​လိုက်​မမီ​နိုင်​တဲ့​အထိ​ ကိုယ့်​ရဲ့​လုပ်​ဆောင်​မှု​မှန်​သမျှ​ကို​ ကြီး​ငယ်​မရွေး​ အသေး​စိတ်​မှတ်​တမ်း​တင်​ထား​တယ်​။",
  "tags": [
    "Story"
  ],
  "title": "အခန်း",
  "translations": {
    "am": "/am/tracts/%E1%8A%AD%E1%8D%8D%E1%88%8A%E1%89%B1/",
    "bn": "/bn/tracts/%E0%A6%8F%E0%A6%95%E0%A6%9F%E0%A6%BF-%E0%A6%95%E0%A6%BE%E0%A6%AE%E0%A6%B0%E0%A6%BE/",
    "ceb": "/ceb/tracts/ang-kwarto/",
    "en": "/tracts/the-room/",
    "es": "/es/tracts/el-cuarto/",
    "fr": "/fr/tracts/la-chambre/",
    "ja": "/ja/tracts/%E4%BA%BA%E7%94%9F%E3%81%AE%E9%83%A8%E5%B1%8B/",
    "kk": "/kk/tracts/%D0%B1%D3%A9%D0%BB%D0%BC%D0%B5/",
    "mg": "/mg/tracts/ilay-efitrano/",
    "mn": "/mn/tracts/%D3%A9%D1%80%D3%A9%D3%A9/",
    "ne": "/ne/tracts/%E0%A4%A4%E0%A5%8D%E0%A4%AF%E0%A5%8B-%E0%A4%95%E0%A5%8B%E0%A4%A0%E0%A4%BE/",
    "om": "/om/tracts/kutattii/",
    "pdt": "/pdt/tracts/de-stow/",
    "pt": "/pt/tracts/a-sala-dos-ficharios/",
    "ru": "/ru/tracts/%D0%BA%D0%BE%D0%BC%D0%BD%D0%B0%D1%82%D0%B0/",
    "tg": "/tg/tracts/%D3%AF%D1%82%D0%BE%D2%9B/",
    "uk": "/uk/tracts/%D0%BA%D1%96%D0%BC%D0%BD%D0%B0%D1%82%D0%B0/",
    "uz": "/uz/tracts/%D1%85%D0%BE%D0%BD%D0%B0/",
    "war": "/war/tracts/an-kwarto/",
    "yo": "/yo/tracts/iyara-naa/",
    "zh": "/zh/tracts/%E6%88%BF%E9%97%B4%E4%B9%8B%E6%A2%A6/"
  },
  "url": "/my/tracts/%E1%80%A1%E1%80%81%E1%80%94%E1%80%BA%E1%80%B8/",
  "version": "10.1.9.4"
},
  "meta": {
    "base_url": "https://gtbs.org/",
    "language": "my",
    "total":22,
    "date": "2026-10-10T04:12:38"
  }
}