ငြိမ်းချမ်းရေး

ကြောက်ရွံ့ခြင်းဆိုသည်မှာအဘယ်နည်း ဘုရားသခင်ကိုကြောက်ရွံ့ခြင်း အနာဂတ်ကိုကြောက်ရွံ့ခြင်း ကျရှုံးခြင်းကိုကြောက်ခြင်း ဒုက္ခဆင်းရဲခြင်းကိုကြောက်ရွံ့ခြင်း သေခြင်းတရားကိုကြောက်ရွံ့ခြင်း ကြောက်ရွံ့ခြင်းသည် လျှို့ဝှက်သော ရန်သူကဲ့သို့ဖြစ်၏။ ခေတ်ကာလအဆက်ဆက်နှင့် လူမျိုး အဆက်ဆက်တိုင် ခပ်သိမ်းသောလူသားတို့ဘဝထဲသို့ဝင်ရောက်ကျူးကျော်ပြီး အနှောင့်အယှက် ပေးလျက်ရှိနေပါသည်။ ယင်းကြောက်ရွံ့ခြင်းသည် လိမ္မာပါးနပ်ပြီး လွန်စွာဖျက်ဆီးစေတတ်သည်။ လူသားတို့စဉ်းစားဉာဏ်ထဲသို့ အဆိပ်အတောက်သဖွယ်ပျံ့နှံ့လျက်နေ၏။ လူတို့၏ငြိမ်သက် ချမ်းသာခြင်းကို လုယူသိမ်းပိုက်သည့်အတွက် လူသားတို့၌ ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်သန်ရေး အမှုများမှာ တစ်စတစ်စ ပျောက်ကွယ်သွားစေပါသည်။ ယင်းသည် ကျွန်ုပ်တို့ကို စိုးရိမ် ပူပန်သောသူများ၊ အထိတ်တလန့်ဖြစ်သောသူများ၊ စိတ်ဝေဒနာရှိသောသူများ၊ ဝမ်းနည်းသောသူများနှင့် သူရဲဘောနည်းသောသူများဖြစ်စေ၍ အဆင်မပြေမှုများနှင့် မလိုလားအပ်သောအရာများကိုသာခံစားစေပါသည်။ ကျွန်ုပ်တို့သည် ရှုပ်ထွေးသည့်အမှုကိစ္စများ၊ အပြောင်းအလဲများ၊ ကျရှုံးမှုများနှင့် စိတ်ပျက်စရာ အမှုများကို ကြောက်ရွံ့တတ်ကြပါသည်။ လူအချို့တို့သည် ဖျားနာခြင်းနှင့် ဒုက္ခဆင်းရဲခြင်းတို့ကိုကြောက်ကြ၏။ အချို့တို့မှာ သူတို့ချစ်ရသောသူတို့အပေါ်သို့ ထိခိုက်နစ်နာမှုများကျရောက်မည်ကိုကြောက်ကြသည်။ အချို့တို့မှာ တခြားသောလူများနှင့် အခြားသောခံယူချက်များကိုကြောက်ကြသည်။ အခြားသောသူတို့မှာ အမှောင် (သို့) အထီးကျန်ခြင်းကိုကြောက်ကြသည်၊ များစွာသောလူတို့သည် သေခြင်းနှင့် သေပြီးနောက် သူတို့ မသိရှိနိုင်သောအရာများနှင့် ရင်ဆိုင်တွေ့ဆုံရမည့်အဖြစ်ကိုကြောက်နေကြသည်။ မိမိ၏ကယ်တင်ခြင်းအပေါ် စိတ်ချမှုမရှိဟုကြောက်ရွံ့သောသူများ(သို့) မိမိတို့၏အပြစ်ဒုစရိုက်များကို ဘုရားသခင် ခွင့်မလွှတ်မည်ကိုကြောက်ရွံ့သောခရစ်ယာန်များစွာရှိကြပါသည်။ သူတို့သည် သေခြင်းကိုသာကြောက်ရွံ့ကြသည်မဟုတ် အသက်ရှင်ခြင်းကိုပင် ကြောက်ရွံ့သူများဖြစ်ကြသည်။ ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့စိတ်နှလုံးထဲသို့ ဖြည်းညှင်းစွာနှင့် တိတ်ဆိတ်စွာဖြင့် ဝင်ရောက်လာ၍ ကျွန်ုပ်တို့သည် ယင်း၏ ဖျက်ဆီးမှုဖြင့် လွှမ်းမိုးခြင်းခံရသောသားကောင်များဖြစ်လာကြသည်ကို သိရှိ နားလည်နိုင်ရန်ပင် မတတ်နိုင်ကြပေ။ သေးငယ်သောကြောက်ရွံ့ခြင်းဖြစ်စေကာမူ ရေထည့်ထားသော ဖန်ခွက်ထဲသို့ အရောင်ဆိုးဆေးတစ်စက်မျှ ချရုံဖြင့် ရေအားလုံးအရောင်အဆင်းပြောင်းလဲသွားဘိ သကဲ့သို့ပင်ဖြစ်ပါသည်။ ယင်းအနည်းငယ်မျှသောကြောက်ရွံ့ခြင်းသည် ရပ်တန့်မသွားဘဲ ပျော်ရွှင်စရာ ကောင်းသော ဦးတည်ချက်လမ်းကြောင်းကိုပင် ပျောက်ဆုံးစေနိုင်ပါသည်။

Arabic Bengali Chinese Dutch English French Italian Japanese Kazakh Kinyarwanda Mongolian Oromo Plautdietsch Romanian Russian Spanish Swahili (Macrolanguage) Tajik Telugu Ukrainian Uzbek Yoruba

2025၊ 26 မတ် in  ငြိမ်းချမ်းရေး 4 minutes

စိတ်နှလုံး​ငြိမ်သက်ခြင်း​- ကျွန်ုပ်တို့၏​တိုင်းပြည်​အတွက်​၊ ကျွန်ုပ်တို့၏​အိမ်ထောင်​မိသားစု​တို့အတွက်​၊ အထူးသဖြင့်​ ကျွန်ုပ်တို့၏​ စိတ်နှလုံး​အတွက်​ ငြိမ်သက်ခြင်း​အသက်တာ​သည်​ အဘယ်မှာ​နည်း​၊ ပြင်းထန်သော​ ဤ​ငိုကြွေးသံ​သည်​ ခေတ်​အဆက်ဆက်​၌​ ပဲ့တင်ရိုက်ခတ်​ခဲ့​လေပြီ​၊ ဤ​ကမ္ဘာ​ပေါ်တွင်​ လေပြင်းမုန်တိုင်း​နှင့်​ ထိတ်လန့်ဖွယ်ရာများ​ ပို၍​ဖြစ်ပေါ်​ လာသည်​နှင့်​အမျှ​ ယင်း​ငိုကြွေးသံ​သည်လည်း​ ပို၍​ပြင်းထန်​လာပါသည်​၊ ထို​အရာသည်​ သင့်​နှလုံးသား၏​ ငိုကြွေးသံများ​ ဖြစ်နေ​ပါသလား​၊ မကျေနပ်စရာ​အကြောင်းများ​၊ အနှောင့်အယှက်​နှင့်​ ဆူပူ​လှုပ်ရှားမှုများ​ဖြင့်​ လွှမ်းမိုး​နေသည့်​ အလယ်၌​ သင်သည်​ အရာအားလုံးကို​ ကျော်လွှား​နိုင်သော​ စိတ်နှလုံး​ငြိမ်သက်ခြင်းကို​ လိုလား​တောင့်တ​ပါသလား​။ အဆုံးမရှိသော​ အောင်မြင်ခြင်း​သည်​ ကမ္ဘာကို​ ပို၍​လုံခြုံ​စေသည်​ဟု​ ထင်ရသော်လည်း​ အမှန်တကယ်​တွင်​ ဘဝ​အသက်တာကို​ ပို၍​ရှုပ်ထွေး​စေပါသည်။​ လူအချို့သည်​ သူတို့​မိဘများ၏​ဘဝထက်​သာ၍​ အေးဆေး​လွယ်ကူသော​ဘဝ၌​ နေထိုင်ဖို့ရာ​ နည်းလမ်းမျိုးစုံ​ဖြင့်​ ကြိုးစား​နေကြသော်လည်း​ ထူးခြားမှု​မရှိဘဲ​ သာ၍ပင်​ ခက်ခဲသော​သူများ​ဖြစ်ကြရသည်​၊ စိတ်ပင်ပန်း​၍​ သောကရောက်​နေကြသည်​၊ အထက်ပါ​မေးခွန်းကို​ ဆင်ခြင်​ကြည့်သော်​ လူတို့အတွက်​ လမ်းညွှန်ခြင်း​၊ တိုင်ပင်ခြင်း​၊ လုံခြုံခြင်း​နှင့်​ ယုံကြည်​စိတ်ချခြင်း​တို့​ လိုအပ်​နေသည်ကို​ တွေ့ရပါသည်။​

Amharic Arabic Bemba (Zambia) Bengali Cebuano Chinese Dutch English French German Haitian Creole Indonesian Italian Japanese Kazakh Kinyarwanda Korean Lingala Malagasy Mongolian Mossi Nepali (Macrolanguage) Norwegian Nyanja Oromo Persian Plautdietsch Portuguese Punjabi Romanian Rundi Russian Southern Sotho Spanish Swahili (Macrolanguage) Swedish Tagalog Tajik Telugu Thai Tonga (Zambia) Turkish Ukrainian Urdu Vietnamese Waray (Philippines)

2024၊ 4 ဇူလိုင် in  ငြိမ်းချမ်းရေး 4 minutes