အိမ်

ဧဝံဂေလိဝေစာနှင့် သမ္မာကျမ်းစာအသင်းဝဘ်ဆိုဒ်မှ ကြိုဆိုပါတယ်။

ဝေစာများ

ဤမေးခွန်းသည် လူတိုင်းအတွက် မေးခွန်းကောင်းတစ်ခုဖြစ်ပေသည်။ လူ၏ဝိ ညာဉ်ထာဝရသွားရမည့်လမ်းကြောင်းဖြစ်၍၊ ထာဝရအသက်ပင်ဖြစ်ပါသည်။ အသစ်တ ဖန်မွေးဖွားခြင်းကိုမခံရသေးသူဖြစ်ပါက၊ ယေရှုက သင့်အား “ဒုတိယမွေးခြင်းကိုခံရမည်” (ယော ၃း၇)ဟု ပြောပါလိမ့်မည်။ “ဒုတိယမွေးခြင်း” ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် အသစ်ပြန်လည်မွေးဖွားခြင်းခံရသည်ဟု စိတ်နှလုံးထဲ၌ ခံစားရခြင်းကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့်ပြောရလျှင် အသစ်တဖန်ပြုပြင်ခြင်းဖြစ်ပါသည်။ “သင် တို့အပြစ်များကိုပြေစေခြင်းငှာ …” (တ ၃း၂၀)။ “အသစ်မွေးဖွားခြင်း” သည် မည်သူ့အတွက်လိုအပ်ပါသနည်း။ အကောင်းအဆိုးခွဲခြားသိမြင်နိုင်ပြီဖြစ်သောသူတိုင်း ဝိညာဉ်တော်အားဖြင့် မွေး ဖွားခြင်းကိုခံရန်လိုအပ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်မှုအားဖြင့် ပရော ဖက်ဟေရှာယ အခန်းကြီး(၅၃)၌ လူသားတို့၏အပြစ်များအတွက် သခင်ခရစ်တော်ခံ စားရမည့်ဝေဒနာများအကြောင်းကို နှစ်ရာပေါင်းများစွာ ကြိုတင်၍ ဟောကြားခဲ့ပါသည်။ အခန်းငယ်(၆)၌ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြသည် ”ဟုဆိုထား၏။ ယေရှုက ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင် အမည်ရှိဖာရိရှဲအား ၎င်းအချက်ကို ရှင်းလင်းပြခဲ့သည်။ ကိုယ်တော်က “ဒုတိယမွေးခြင်း ကိုမခံသောသူမည်သည်ကား ဘုရားသခင့်နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်” ဟု (ယောဟန် ၃း၃)တွင် တွေ့ရပါသည်။ ထိုမျှမက ကိုယ်တော်က ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုဆိုကြောင်း မြွက်ဆိုခဲ့သည်။ အလုံးစုံသည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်သာဖြစ်သည်။

2 minutes

ကြောက်ရွံ့ခြင်းဆိုသည်မှာအဘယ်နည်း ဘုရားသခင်ကိုကြောက်ရွံ့ခြင်း အနာဂတ်ကိုကြောက်ရွံ့ခြင်း ကျရှုံးခြင်းကိုကြောက်ခြင်း ဒုက္ခဆင်းရဲခြင်းကိုကြောက်ရွံ့ခြင်း သေခြင်းတရားကိုကြောက်ရွံ့ခြင်း ကြောက်ရွံ့ခြင်းသည် လျှို့ဝှက်သော ရန်သူကဲ့သို့ဖြစ်၏။ ခေတ်ကာလအဆက်ဆက်နှင့် လူမျိုး အဆက်ဆက်တိုင် ခပ်သိမ်းသောလူသားတို့ဘဝထဲသို့ဝင်ရောက်ကျူးကျော်ပြီး အနှောင့်အယှက် ပေးလျက်ရှိနေပါသည်။ ယင်းကြောက်ရွံ့ခြင်းသည် လိမ္မာပါးနပ်ပြီး လွန်စွာဖျက်ဆီးစေတတ်သည်။ လူသားတို့စဉ်းစားဉာဏ်ထဲသို့ အဆိပ်အတောက်သဖွယ်ပျံ့နှံ့လျက်နေ၏။ လူတို့၏ငြိမ်သက် ချမ်းသာခြင်းကို လုယူသိမ်းပိုက်သည့်အတွက် လူသားတို့၌ ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်သန်ရေး အမှုများမှာ တစ်စတစ်စ ပျောက်ကွယ်သွားစေပါသည်။ ယင်းသည် ကျွန်ုပ်တို့ကို စိုးရိမ် ပူပန်သောသူများ၊ အထိတ်တလန့်ဖြစ်သောသူများ၊ စိတ်ဝေဒနာရှိသောသူများ၊ ဝမ်းနည်းသောသူများနှင့် သူရဲဘောနည်းသောသူများဖြစ်စေ၍ အဆင်မပြေမှုများနှင့် မလိုလားအပ်သောအရာများကိုသာခံစားစေပါသည်။ ကျွန်ုပ်တို့သည် ရှုပ်ထွေးသည့်အမှုကိစ္စများ၊ အပြောင်းအလဲများ၊ ကျရှုံးမှုများနှင့် စိတ်ပျက်စရာ အမှုများကို ကြောက်ရွံ့တတ်ကြပါသည်။ လူအချို့တို့သည် ဖျားနာခြင်းနှင့် ဒုက္ခဆင်းရဲခြင်းတို့ကိုကြောက်ကြ၏။ အချို့တို့မှာ သူတို့ချစ်ရသောသူတို့အပေါ်သို့ ထိခိုက်နစ်နာမှုများကျရောက်မည်ကိုကြောက်ကြသည်။ အချို့တို့မှာ တခြားသောလူများနှင့် အခြားသောခံယူချက်များကိုကြောက်ကြသည်။ အခြားသောသူတို့မှာ အမှောင် (သို့) အထီးကျန်ခြင်းကိုကြောက်ကြသည်၊ များစွာသောလူတို့သည် သေခြင်းနှင့် သေပြီးနောက် သူတို့ မသိရှိနိုင်သောအရာများနှင့် ရင်ဆိုင်တွေ့ဆုံရမည့်အဖြစ်ကိုကြောက်နေကြသည်။ မိမိ၏ကယ်တင်ခြင်းအပေါ် စိတ်ချမှုမရှိဟုကြောက်ရွံ့သောသူများ(သို့) မိမိတို့၏အပြစ်ဒုစရိုက်များကို ဘုရားသခင် ခွင့်မလွှတ်မည်ကိုကြောက်ရွံ့သောခရစ်ယာန်များစွာရှိကြပါသည်။ သူတို့သည် သေခြင်းကိုသာကြောက်ရွံ့ကြသည်မဟုတ် အသက်ရှင်ခြင်းကိုပင် ကြောက်ရွံ့သူများဖြစ်ကြသည်။ ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့စိတ်နှလုံးထဲသို့ ဖြည်းညှင်းစွာနှင့် တိတ်ဆိတ်စွာဖြင့် ဝင်ရောက်လာ၍ ကျွန်ုပ်တို့သည် ယင်း၏ ဖျက်ဆီးမှုဖြင့် လွှမ်းမိုးခြင်းခံရသောသားကောင်များဖြစ်လာကြသည်ကို သိရှိ နားလည်နိုင်ရန်ပင် မတတ်နိုင်ကြပေ။ သေးငယ်သောကြောက်ရွံ့ခြင်းဖြစ်စေကာမူ ရေထည့်ထားသော ဖန်ခွက်ထဲသို့ အရောင်ဆိုးဆေးတစ်စက်မျှ ချရုံဖြင့် ရေအားလုံးအရောင်အဆင်းပြောင်းလဲသွားဘိ သကဲ့သို့ပင်ဖြစ်ပါသည်။ ယင်းအနည်းငယ်မျှသောကြောက်ရွံ့ခြင်းသည် ရပ်တန့်မသွားဘဲ ပျော်ရွှင်စရာ ကောင်းသော ဦးတည်ချက်လမ်းကြောင်းကိုပင် ပျောက်ဆုံးစေနိုင်ပါသည်။

စိတ်နှလုံး​ငြိမ်သက်ခြင်း​- ကျွန်ုပ်တို့၏​တိုင်းပြည်​အတွက်​၊ ကျွန်ုပ်တို့၏​အိမ်ထောင်​မိသားစု​တို့အတွက်​၊ အထူးသဖြင့်​ ကျွန်ုပ်တို့၏​ စိတ်နှလုံး​အတွက်​ ငြိမ်သက်ခြင်း​အသက်တာ​သည်​ အဘယ်မှာ​နည်း​၊ ပြင်းထန်သော​ ဤ​ငိုကြွေးသံ​သည်​ ခေတ်​အဆက်ဆက်​၌​ ပဲ့တင်ရိုက်ခတ်​ခဲ့​လေပြီ​၊ ဤ​ကမ္ဘာ​ပေါ်တွင်​ လေပြင်းမုန်တိုင်း​နှင့်​ ထိတ်လန့်ဖွယ်ရာများ​ ပို၍​ဖြစ်ပေါ်​ လာသည်​နှင့်​အမျှ​ ယင်း​ငိုကြွေးသံ​သည်လည်း​ ပို၍​ပြင်းထန်​လာပါသည်​၊ ထို​အရာသည်​ သင့်​နှလုံးသား၏​ ငိုကြွေးသံများ​ ဖြစ်နေ​ပါသလား​၊ မကျေနပ်စရာ​အကြောင်းများ​၊ အနှောင့်အယှက်​နှင့်​ ဆူပူ​လှုပ်ရှားမှုများ​ဖြင့်​ လွှမ်းမိုး​နေသည့်​ အလယ်၌​ သင်သည်​ အရာအားလုံးကို​ ကျော်လွှား​နိုင်သော​ စိတ်နှလုံး​ငြိမ်သက်ခြင်းကို​ လိုလား​တောင့်တ​ပါသလား​။ အဆုံးမရှိသော​ အောင်မြင်ခြင်း​သည်​ ကမ္ဘာကို​ ပို၍​လုံခြုံ​စေသည်​ဟု​ ထင်ရသော်လည်း​ အမှန်တကယ်​တွင်​ ဘဝ​အသက်တာကို​ ပို၍​ရှုပ်ထွေး​စေပါသည်။​ လူအချို့သည်​ သူတို့​မိဘများ၏​ဘဝထက်​သာ၍​ အေးဆေး​လွယ်ကူသော​ဘဝ၌​ နေထိုင်ဖို့ရာ​ နည်းလမ်းမျိုးစုံ​ဖြင့်​ ကြိုးစား​နေကြသော်လည်း​ ထူးခြားမှု​မရှိဘဲ​ သာ၍ပင်​ ခက်ခဲသော​သူများ​ဖြစ်ကြရသည်​၊ စိတ်ပင်ပန်း​၍​ သောကရောက်​နေကြသည်​၊ အထက်ပါ​မေးခွန်းကို​ ဆင်ခြင်​ကြည့်သော်​ လူတို့အတွက်​ လမ်းညွှန်ခြင်း​၊ တိုင်ပင်ခြင်း​၊ လုံခြုံခြင်း​နှင့်​ ယုံကြည်​စိတ်ချခြင်း​တို့​ လိုအပ်​နေသည်ကို​ တွေ့ရပါသည်။​

အချိန်ဆိုတဲ့​အရာ​မစတင်ခင်မှာ​ ဘုရားသခင်ဆိုတာ​ရှိတယ်။​ သူဟာ​ ဒီကမ္ဘာမြေကြီးကို​ဖန်ဆင်းပြီး​ အထဲမှာ​ရှိတဲ့​အရာအားလုံးကိုလည်း​ သူဖန်ဆင်းခဲ့တယ်။​ သူ့ရဲ့​ချစ်ခြင်းမေတ္တာအားဖြင့်​ လှပတဲ့​ဥယျာဉ်တော်ထဲမှာ ​လူကို​သူနဲ့​ပုံသဏ္ဍာန်တူ​အောင်​ ဖန်ဆင်းခဲ့တယ်။​ ဒါပေမဲ့​ လူက​ဘုရားသခင်ရဲ့​သွန်သင်မှုကို​ မနာခံခဲ့ဘူး။​ အဲဒီ​မနာခံမှုက​အပြစ်ဖြစ်စေခဲ့ပြီး ​ဘုရားသခင်နဲ့​ကင်းကွာစေခဲ့တယ်။​ ဘုရားသခင်က ​သူတို့​အပြစ်တွေအတွက်​ တိရစ္ဆာန်ငယ်ကို​ပူဇော်ရမယ်လို့​ပြောထားခဲ့တယ်။​ ဒါပေမဲ့​ ဒီတိရစ္ဆာန်ကို​ ပူဇော်ခြင်းက​ သူတို့​အပြစ်တွေကို​ လုံးလုံးလျားလျား​မပြေပျောက်စေပါဘူး။​ တစ်နေ့မှာတော့​ ဘုရားသခင်က​ သူ့သားတော်​ယေရှုကို​ လူသားအားလုံးရဲ့​အပြစ်တွေအတွက်​ယဇ်ပူဇော်ဖို့​ ဒီကမ္ဘာမြေပေါ်​ စေလွှတ်ချင်ခဲ့တယ်။ ဒီလိုနှင့်​ နှစ်ပေါင်းလေးထောင်​ကြာပြီးတဲ့နောက်မှာတော့​ နာဇရက်​မြို့ငယ်လေးမှာ​ မာရိဆိုတဲ့​ အမျိုးသမီးငယ်လေး​ရှိခဲ့တယ်။​ သူမက​ ယောသပ်ဆိုတဲ့သူနှင့်​လက်ထပ်ထိန်းမြားဖို့​စီစဉ်ခဲ့ပြီးတဲ့သူ​ဖြစ်တယ်။​ တစ်နေ့မှာတော့​ကောင်းကင်တမန်က​ မာရိဆီကို​လာပြီး​သူမဆီမှာ​ ကလေးငယ်​လွယ်ရမည်ဖြစ်ကြောင်း၊ ​ဒီကလေးငယ်ကတော့​ဒီကမ္ဘာပေါ်က ​အဖေနဲ့​ရတဲ့​ကလေးဖြစ်မည်မဟုတ်၊​ ဘုရားသခင်ရဲ့​သားတော်ဖြစ်မယ်ဆိုပြီး​ လာပြောပြခဲ့တယ်။ ထိုသို့​ကောင်းကင်တမန်​ပေါ်လာပြီးတဲ့နောက်​ ယောသပ်နဲ့​မာရိတို့က​ သူတို့အတွက်​ အခွန်ဆောင်ဖို့​ ဗက်လင်မြို့သို့​ခရီးထွက်လာခဲ့ကြတယ်။ ​ဗက်လင်မြို့ကို​ သူတို့ရောက်လာကြတော့ ​မြို့ထဲမှာ​ လူတွေနဲ့​ပြည့်လို့​နေခဲ့လေပြီ။​အိမ်ခန်းငှားစရာ​မရှိတော့တဲ့အတွက် ​နွားတင်းကုပ်ငယ်လေးထဲမှာ​ သူတို့တည်းခိုခဲ့ရတယ်။​ အဲဒီနေရာဟာ​ယေရှုခရစ်တော်​မွေးဖွားခဲ့တဲ့​နေရာပေါ့။​ နွားစားခွက်ငယ်လေးထဲမှာ​ အဝတ်လေးပတ်ပြီး​ ယေရှုခရစ်တော်​မွေးဖွားခဲ့တယ်။ အဲဒီညမှာပဲ ​မြို့ရဲ့​အပြင်ဘက်​တောင်ကုန်းတစ်နေရာမှာ​ သိုးထိန်းတို့က​ သူတို့သိုးတွေကို​ ထိန်းကျောင်းနေခဲ့ကြတယ်။​အဲဒီအချိန်မှာ​ ဘုရားသခင်ရဲ့​ဘုန်းတန်ခိုးတော်နှင့်​ လင်းလက်တဲ့​ကောင်းကင်တမန်တွေ​ပေါ်လာပြီး “မကြောက်ကြနှင့်။​လူတွေ​ဝမ်းမြောက်ဝမ်းသာ​ဖြစ်ဖို့အတွက်​ သတင်းကောင်းကို​ ငါယူဆောင်လာတယ်။​ ဒီညမှာပဲ​ ကယ်တင်ရှင်​မွေးဖွားပြီ။​သူသည်​ သခင်ယေရှုခရစ်တော်​ဖြစ်တယ်။​ သူ့ကို​ အဝတ်ပတ်ပြီး ​နွားစားခွက်ငယ်လေးထဲမှာ ​သင်တို့တွေ့ရလိမ့်မယ်” ဆိုပြီး​ လာပြောပြခဲ့တယ်။​ အဲဒီနောက်​ ကောင်းကင်တမန်များစွာ​ပေါ်လာပြီး “အမြင့်ဆုံးသောနေရာ၊​ ဤမြေကြီးပေါ်မှာ၊​လူသားအားလုံးအပေါ်မှာ​ ဘုရားဘုန်းတော်​ထင်ရှားပါစေ” ဆိုကာ​ဟစ်ကြွေးကြလေတယ်။ ​ကောင်းကင်တမန်တွေ​ပျောက်ကွယ်သွားတော့​ သိုးထိန်းတွေကလည်း ​ဗက်လင်မြို့ကို​ အလျင်အမြန်​ပြေးသွားကြတယ်။ ​ပြီးတော့​ကောင်းကင်တမန်တွေ​ပြောတဲ့အတိုင်း​ ကလေးငယ်လေးကို​ သူတို့တွေ့ခဲ့ကြတယ်။

, Color 1 minute

သမ္မာ​ကျမ်း​စာ​တွင်​ အောက်​ပါ​အတိုင်း​ဖတ်​ရ​သည်​။ “သေ​လွန်​သော​သူ​ အကြီး​အငယ်​တို့​သည်​ ပလ္လင်​တော်​ရှေ့​မှာ​ရပ်​နေ​ကြ​သည်​ကို​ ငါ​မြင်​၏​။ စာ​စောင်​များ​ကို​ ဖွင့်​ထား​၏​။ အသက်​စာ​စောင်​တည်း​ဟူ​သော​ အခြား​တစ်​ပါး​သော​စာ​စောင်​ကို​လည်း​ ဖွင့်​လေ​၏​။ သေ​လွန်​သော​သူ​တို့​သည်​ မိမိ​တို့​အကျင့်​အတိုင်း​ စာ​စောင်​တို့​၌​ ရေး​ထား​ချက်​များ​နှင့်​အညီ​ တရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏​” (ဗျာ​ဒိတ်​ကျမ်း​ ၂၀​:၁၂​)။ ဘုရား​သခင်​မှတ်​တမ်း​ထား​သည်​မှာ​ ဤ​ကျမ်း​ပိုဒ်​က​ သက်​သေ​ဖြစ်​သည်​။ အမေ​ရိ​ကန်​ပြည်​ထောင်​စု​ မာ​ရီ​လန်း​ပြည်​နယ်​မှ​ လူ​ငယ်​တစ်​ဦး​ဖြစ်​သူ​ ဂျို​ဆွာ​ဟဲ​ရစ်​သည်​ ပွာ​တို​ရီ​ကို​နိုင်ငံ​တွင်​ အချိန်​အတန်​ကြာ​နေ​ထိုင်​ခဲ့​သည်​။ တစ်​ည​တွင်​ အိပ်​မက်​တစ်ခု​မြင်​ရာ​ မိမိ​၏​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​မှု​ကို​ ပဲ့​ပြင်​သည့်​အနေ​ဖြင့်​ ဘုရား​သခင်​မှ​ပေး​မက်​သည်​ဟု​ ခံ​စား​မိ​လေ​သည်​။ သည်​အိပ်​မက်​သည်​ ယေ​ရှု​ခရစ်​ကိုယ်​တော်​တိုင်​နှင့်​ အသွေး​တော်​၏​ အသက်​တာ​ပြောင်း​လဲ​စေ​နိုင်​သော​ တန်​ခိုး​စွမ်း​အား​ကို​ ဂျို​ဆွာ​ဟဲ​ရစ်​အား​ ပြန်​လည်​အမှတ်​ရ​စေ​ခဲ့​သည်​။ ထို​အိပ်​မက်​အကြောင်း​ကို​ မိတ်​ဆွေ​တို့​အား​ ဝေ​မျှ​လို​ပါ​သည်​။ ကျွန်​တော်​ နိုး​တစ်​ဝက်​၊ အိပ်​တစ်​ဝက်​ဖြစ်​နေ​ချိန်​မှာ​ အခန်း​လေး​တစ်ခု​ထဲ​ရောက်​နေ​တာ​ကို​ တွေ့​လိုက်​ရ​တယ်​။ နံ​ရံ​တစ်​ဘက်​မှာ​ အက္ခ​ရာ​စဉ်​ထား​တဲ့​ ဖိုင်​တွဲ​ငယ်​တွေ​အပြည့်​ရှိ​နေ​တာ​က​လွဲ​လို့​ အခန်း​က​ ထူး​ထူး​ခြား​ခြား​မရှိ​ပါ​ဘူး​။ ဖိုင်​တွဲ​တွေ​က​ စာ​ကြည့်​တိုက်​ထဲ​က​ စာ​ရေး​ဆရာ​အမည်​၊ ဒါ​မှ​မဟုတ်​ ဘာ​သာ​ရပ်​ကို​လိုက်​ပြီး​ ခေါင်း​စဉ်​တွေ​ကို​ အက္ခ​ရာ​စဉ်​အလိုက်​ပြု​စု​ထား​တဲ့​ ဖိုင်​တွေ​နဲ့​ အလား​တူ​ပါ​တယ်​။ ဒါ​ပေ​မဲ့​ ခေါင်း​စဉ်​တွေ​က​တော့​ လုံး​ဝ​ကွဲ​ပြား​ပါ​တယ်​။ ဖိုင်​တွေ​က​ ကြမ်း​ပြင်​က​နေ​ မျက်​နှာ​ကြက်​အထိ​ ရောက်​နေ​ပြီး​ မဆုံး​နိုင်​လောက်​အောင်​ပါ​ပဲ​။ ဖိုင်​တွဲ​ထား​ရာ​နံ​ရံ​နား​ကပ်​လိုက်​ချိန်​မှာ​ ကျွန်​တော့်​ရဲ့​အာ​ရုံ​ကို​ ပထမ​ဆုံး​ဖမ်း​စား​ထား​တဲ့​အရာ​က​ “ကျွန်​တော်​ချစ်​ကြိုက်​ခဲ့​သော​ မိန်း​ကလေး​များ​” ဆို​တဲ့​ဖိုင်​တွဲ​ပါ​။ ဒါ​ကို​ဖွင့်​ပြီး​ ကတ်​ပြား​တွေ​ကို​ အပြေး​အလွှား​လှန်​လှော​ဖတ်​လိုက်​တယ်​။ ကတ်​ပေါ်​က​နာမည်​တွေ​ကို​ ရင်း​နှီး​နေ​တာ​ကြောင့်​ အလန့်​တကြား​ အမြန်​ပြန်​ပိတ်​လိုက်​ရ​တယ်​။ အဲ​ဒီ​အချိန်​မှာ​ ကိုယ်​ရောက်​နေ​တဲ့​နေရာ​ကို​ မပြော​ဘဲ​ အလို​လို​သိ​လာ​တယ်​။ ဖိုင်​တွဲ​တွေ​နဲ့​ အသက်​မဲ့​အခန်း​လေး​ဟာ​ ဘဝ​ကို​မှတ်​တမ်း​တင်​တဲ့​ ကတ်​တ​လောက်​စနစ်​တစ်ခု​ပါ​လား​။ ဒီ​နေရာ​မှာ​ မှတ်​ဉာဏ်​လိုက်​မမီ​နိုင်​တဲ့​အထိ​ ကိုယ့်​ရဲ့​လုပ်​ဆောင်​မှု​မှန်​သမျှ​ကို​ ကြီး​ငယ်​မရွေး​ အသေး​စိတ်​မှတ်​တမ်း​တင်​ထား​တယ်​။

3 minutes