သမ္မာ​ကျမ်း​စာ​တွင်​ အောက်​ပါ​အတိုင်း​ဖတ်​ရ​သည်​။ “သေ​လွန်​သော​သူ​ အကြီး​အငယ်​တို့​သည်​ ပလ္လင်​တော်​ရှေ့​မှာ​ရပ်​နေ​ကြ​သည်​ကို​ ငါ​မြင်​၏​။ စာ​စောင်​များ​ကို​ ဖွင့်​ထား​၏​။ အသက်​စာ​စောင်​တည်း​ဟူ​သော​ အခြား​တစ်​ပါး​သော​စာ​စောင်​ကို​လည်း​ ဖွင့်​လေ​၏​။ သေ​လွန်​သော​သူ​တို့​သည်​ မိမိ​တို့​အကျင့်​အတိုင်း​ စာ​စောင်​တို့​၌​ ရေး​ထား​ချက်​များ​နှင့်​အညီ​ တရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏​” (ဗျာ​ဒိတ်​ကျမ်း​ ၂၀​:၁၂​)။ ဘုရား​သခင်​မှတ်​တမ်း​ထား​သည်​မှာ​ ဤ​ကျမ်း​ပိုဒ်​က​ သက်​သေ​ဖြစ်​သည်​။ အမေ​ရိ​ကန်​ပြည်​ထောင်​စု​ မာ​ရီ​လန်း​ပြည်​နယ်​မှ​ လူ​ငယ်​တစ်​ဦး​ဖြစ်​သူ​ ဂျို​ဆွာ​ဟဲ​ရစ်​သည်​ ပွာ​တို​ရီ​ကို​နိုင်ငံ​တွင်​ အချိန်​အတန်​ကြာ​နေ​ထိုင်​ခဲ့​သည်​။ တစ်​ည​တွင်​ အိပ်​မက်​တစ်ခု​မြင်​ရာ​ မိမိ​၏​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​မှု​ကို​ ပဲ့​ပြင်​သည့်​အနေ​ဖြင့်​ ဘုရား​သခင်​မှ​ပေး​မက်​သည်​ဟု​ ခံ​စား​မိ​လေ​သည်​။ သည်​အိပ်​မက်​သည်​ ယေ​ရှု​ခရစ်​ကိုယ်​တော်​တိုင်​နှင့်​ အသွေး​တော်​၏​ အသက်​တာ​ပြောင်း​လဲ​စေ​နိုင်​သော​ တန်​ခိုး​စွမ်း​အား​ကို​ ဂျို​ဆွာ​ဟဲ​ရစ်​အား​ ပြန်​လည်​အမှတ်​ရ​စေ​ခဲ့​သည်​။ ထို​အိပ်​မက်​အကြောင်း​ကို​ မိတ်​ဆွေ​တို့​အား​ ဝေ​မျှ​လို​ပါ​သည်​။ ကျွန်​တော်​ နိုး​တစ်​ဝက်​၊ အိပ်​တစ်​ဝက်​ဖြစ်​နေ​ချိန်​မှာ​ အခန်း​လေး​တစ်ခု​ထဲ​ရောက်​နေ​တာ​ကို​ တွေ့​လိုက်​ရ​တယ်​။ နံ​ရံ​တစ်​ဘက်​မှာ​ အက္ခ​ရာ​စဉ်​ထား​တဲ့​ ဖိုင်​တွဲ​ငယ်​တွေ​အပြည့်​ရှိ​နေ​တာ​က​လွဲ​လို့​ အခန်း​က​ ထူး​ထူး​ခြား​ခြား​မရှိ​ပါ​ဘူး​။ ဖိုင်​တွဲ​တွေ​က​ စာ​ကြည့်​တိုက်​ထဲ​က​ စာ​ရေး​ဆရာ​အမည်​၊ ဒါ​မှ​မဟုတ်​ ဘာ​သာ​ရပ်​ကို​လိုက်​ပြီး​ ခေါင်း​စဉ်​တွေ​ကို​ အက္ခ​ရာ​စဉ်​အလိုက်​ပြု​စု​ထား​တဲ့​ ဖိုင်​တွေ​နဲ့​ အလား​တူ​ပါ​တယ်​။ ဒါ​ပေ​မဲ့​ ခေါင်း​စဉ်​တွေ​က​တော့​ လုံး​ဝ​ကွဲ​ပြား​ပါ​တယ်​။ ဖိုင်​တွေ​က​ ကြမ်း​ပြင်​က​နေ​ မျက်​နှာ​ကြက်​အထိ​ ရောက်​နေ​ပြီး​ မဆုံး​နိုင်​လောက်​အောင်​ပါ​ပဲ​။ ဖိုင်​တွဲ​ထား​ရာ​နံ​ရံ​နား​ကပ်​လိုက်​ချိန်​မှာ​ ကျွန်​တော့်​ရဲ့​အာ​ရုံ​ကို​ ပထမ​ဆုံး​ဖမ်း​စား​ထား​တဲ့​အရာ​က​ “ကျွန်​တော်​ချစ်​ကြိုက်​ခဲ့​သော​ မိန်း​ကလေး​များ​” ဆို​တဲ့​ဖိုင်​တွဲ​ပါ​။ ဒါ​ကို​ဖွင့်​ပြီး​ ကတ်​ပြား​တွေ​ကို​ အပြေး​အလွှား​လှန်​လှော​ဖတ်​လိုက်​တယ်​။ ကတ်​ပေါ်​က​နာမည်​တွေ​ကို​ ရင်း​နှီး​နေ​တာ​ကြောင့်​ အလန့်​တကြား​ အမြန်​ပြန်​ပိတ်​လိုက်​ရ​တယ်​။ အဲ​ဒီ​အချိန်​မှာ​ ကိုယ်​ရောက်​နေ​တဲ့​နေရာ​ကို​ မပြော​ဘဲ​ အလို​လို​သိ​လာ​တယ်​။ ဖိုင်​တွဲ​တွေ​နဲ့​ အသက်​မဲ့​အခန်း​လေး​ဟာ​ ဘဝ​ကို​မှတ်​တမ်း​တင်​တဲ့​ ကတ်​တ​လောက်​စနစ်​တစ်ခု​ပါ​လား​။ ဒီ​နေရာ​မှာ​ မှတ်​ဉာဏ်​လိုက်​မမီ​နိုင်​တဲ့​အထိ​ ကိုယ့်​ရဲ့​လုပ်​ဆောင်​မှု​မှန်​သမျှ​ကို​ ကြီး​ငယ်​မရွေး​ အသေး​စိတ်​မှတ်​တမ်း​တင်​ထား​တယ်​။

Amharic Bengali Cebuano Chinese English French Japanese Kazakh Malagasy Mongolian Nepali (Macrolanguage) Oromo Plautdietsch Portuguese Russian Spanish Tajik Ukrainian Uzbek Waray (Philippines) Yoruba

2019၊ 1 ဩဂုတ် in  3 minutes