အမှန်တကယ်တွင် ဘဝအသက်တာကို ပို၍ရှုပ်ထွေးစေပါသည် လူအချို့သည် သူတို့၏မိဘများ၏ ဘဝထက်သာ၍ အေးဆေးလွယ်ကူသောဘဝ၌ နေထိုင်ဖို့ရာနည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော်လည်း ထူးခြားမှုမရှိပဲ သာ၍ပင် ခက်ခဲသောသူများဖြစ်ကြရသည်၊ စိတ်ပင်ပန်း၍သောကရောက်နေကြသည်၊ အထက်ပါမေးခွန်းကိုဆင်ခြင်ကြည့်သော် လူတို့အတွက် လမ်းညွှန်ခြင်း တိုင်ပင်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်စိတ်ချခြင်းတို့ လိုအပ်နေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးငြိမ်သက်ခြင်းကို လိုအပ်နေကြသည်။ စိတ်၏ငြိမ်သက်ခြင်းကို လိုချင်နေကြသည်။ စိတ်ငြိမ်သက်ခြင်းသည် အဖိုးထိုက်တန်သော ဘဏ္ဍာပင်မဟုတ်ပါလော။ လွန်စွာရှုပ်ထွေးလှသော ဤကမ္ဘာလောက၊ မျော်လင့်ချက်ကင်းမဲ့သော ဤကမ္ဘာလောက၊ အနှောက်အယှက်တွေပေးသော ဤကမ္ဘာလောကနှင့် များစွာသော ဒုက္ခပြဿနာဖြင့် ပြည့်ဝနေသော ဤကမ္ဘာလောကကြီး၌ စိတ်ငြိမ်သက်ခြင်းကို အမှန်တကယ်တွေ့ရှိ နိုင်ပါမည်လား၊ များစွာသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်း အခွင့်အလမ်းများကို၎င်း၊ ပျော်ရွင်သာယာခြင်းနှင့် ဩဇာ အာဏာတို့ကို၎င်း ပညာရေးနှင့် ဗဟုသုတတို့ကို၎င်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို၎င်း၊ ကျယ်ကျယ်ပြန့်ပြန့် အသဲအသန်ရှာဖွေနေကြပါသည်။ အသိပညာဗဟုသုတများဖြင့် ပြည့်ဝချင်နေကြသည်။ သို့သော်သူတို့၏ ဝိညာဉ်ရေးရာတွင် ဗလာအဖြစ်ကျန်ရစ်စေကြသည်။ အချို့သောသူတို့သည် သေရည် သေရက်သောက်စားခြင်းအားဖြင့် စစ်မှန်သော ဘဝအသက်တာကို တိမ်းရှောင်နေကြ၏။ သို့သော် သူတို့ရှာဖွေသော ငြိမ်သက်ခြင်းသည် လိုက်လေဝေးလေဖြစ်သည်၊ သူတို့ရှာဖွေသော အရာအားလုံးသည် သူတို့ကို အကျိုးမဖြစ်ထွန်းစေပဲ အချည်းနှီးသက်သက်သာ ဖြစ်သော အကျင့်အားဖြင့် ဆိုးညစ်သည့် ဘဝဇာတ်ခုံသို့သာ ပို့ဆောင်ပေးနေပါသည်။ သူတို့သည် ဒုက္ခနှင့်ပြည့်နက်နေသော ကမ္ဘာလောကထဲတွင် သောကစိတ်တွေနှင့်တကွ အကျိုးမရှိပဲ အထီးကျန်နေကြသေး၏။ များစွာသောလူတို့သည်လက်ဆုပ်လက်ကိုင်မပြနိုင်သော အပြင်သဏ္ဍာန်အရာများကိုရှာဖွေနေကြ၍ အတွင်း သဏ္ဍာန်ကိုမူ အလေးမထား လျစ်လျူရှုကြ၏။ သူတို့ရှာဖွေသင့်သော အရာကိုရှာဖွေရန် ကြောက်ရွံ့နေကြ၏။ မိမိတို့၏ပူပန်သောစိတ်ကြောင့် ဒုက္ခဆူးများနှင့်ပြည့်နက်နေသော ကမ္ဘာလောကကို အပြစ်တင်ချင်နေကြ၏၊ အနှောက်အယှက်ကြားကလူသား ယခင်ကဘုရားသခင်၏မျက်မှောက်တော်ကို