ဤမေးခွန်းသည် လူတိုင်းအတွက် မေးခွန်းကောင်းတစ်ခုဖြစ်ပေသည်။ လူ၏ဝိ ညာဉ်ထာဝရသွားရမည့်လမ်းကြောင်းဖြစ်၍၊ ထာဝရအသက်ပင်ဖြစ်ပါသည်။ အသစ်တ ဖန်မွေးဖွားခြင်းကိုမခံရသေးသူဖြစ်ပါက၊ ယေရှုက သင့်အား “ဒုတိယမွေးခြင်းကိုခံရမည်” (ယော ၃း၇)ဟု ပြောပါလိမ့်မည်။
“ဒုတိယမွေးခြင်း” ဆိုသည်မှာ အဘယ်နည်း။
၎င်းသည် အသစ်ပြန်လည်မွေးဖွားခြင်းခံရသည်ဟု စိတ်နှလုံးထဲ၌ ခံစားရခြင်းကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့်ပြောရလျှင် အသစ်တဖန်ပြုပြင်ခြင်းဖြစ်ပါသည်။ “သင် တို့အပြစ်များကိုပြေစေခြင်းငှာ ...” (တ ၃း၂၀)။
“အသစ်မွေးဖွားခြင်း” သည် မည်သူ့အတွက်လိုအပ်ပါသနည်း။
အကောင်းအဆိုးခွဲခြားသိမြင်နိုင်ပြီဖြစ်သောသူတိုင်း ဝိညာဉ်တော်အားဖြင့် မွေး ဖွားခြင်းကိုခံရန်လိုအပ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်မှုအားဖြင့် ပရော ဖက်ဟေရှာယ အခန်းကြီး(၅၃)၌ လူသားတို့၏အပြစ်များအတွက် သခင်ခရစ်တော်ခံ စားရမည့်ဝေဒနာများအကြောင်းကို နှစ်ရာပေါင်းများစွာ ကြိုတင်၍ ဟောကြားခဲ့ပါသည်။ အခန်းငယ်(၆)၌ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြသည် ”ဟုဆိုထား၏။ ယေရှုက ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင် အမည်ရှိဖာရိရှဲအား ၎င်းအချက်ကို ရှင်းလင်းပြခဲ့သည်။ ကိုယ်တော်က “ဒုတိယမွေးခြင်း ကိုမခံသောသူမည်သည်ကား ဘုရားသခင့်နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်” ဟု (ယောဟန် ၃း၃)တွင် တွေ့ရပါသည်။ ထိုမျှမက ကိုယ်တော်က ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုဆိုကြောင်း မြွက်ဆိုခဲ့သည်။ အလုံးစုံသည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်သာဖြစ်သည်။
ယေရှုက ဖိတ်ခေါ်နေသည်။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာ ကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောသဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့် မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော် မူ၏။’”(မ ၁၁း၂၈-၃ဝ)။
အပြစ်တရား၌ သေလျက်၊ အပြစ်ဝန်ကို မထမ်းနိုင်တော့သည့် သူတိုင်း ခရစ်တော် ၏လက်ဝါးကပ်တိုင်ခြေတော်ရင်း၌ ဝပ်တွားလျက် ခစားကြရန် ဖိတ်ခေါ်နေပါသည်။ ‘“မိဿဟာယဖွဲ့ရာ ကျေးဇူးတော်ကိုခံရန် . (ရောမ ၅း၁ဝ)။ ယေရှုသည် ကားတိုင်တော်၌ ဝေဒနာခံစား၍ အသွေးတော်ကို သွန်းလောင်းလျက် အသေခံပြီ။ ကျွန်ုပ်တို့၏ အပြစ်များ အတွက် ဝန်ချတောင်းပန်ရန် (မိမိအသက်ကို ဆက်ကပ်ပူဇော်ခြင်း)ဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်များအတွက်သာမဟုတ်ပါ။ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ပင်ဖြစ်ပေသည် (၁ယောဟန် ၂း၂)။ ကျွန်ုပ်တို့၏အပြစ်များကြောင့် ဖြောင့်မတ်ခြင်းမရှိကြ သည်ကိုလည်းကောင်း၊ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် ဝေဒနာခံစား ရခြင်းကိုလည်းကောင်း အမြဲအောက်မေ့ရပါမည်။ “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ထုတ်ဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရ လိမ့်မည်။”(သုတ္တံ ၂၈း၁၃)။
သင်သည် မည်မျှဆိုးညစ်နေသူဖြစ်ပါစေ သင့်အတွက် မျှော်လင့်ချက်ရှိပါသေး သည်။ ထာဝရဘုရားမိန့်တော်မူသည်ကား “လာကြ၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ် သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။” (ဟေရှာယ ၁း၁၈)။ “…… ဤလူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသူ ငယ်(ယေရှုခရစ်တော်)၏အသွေး၌ လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း။’ (ဗျာဒိတ် ရး၁၄)။
“သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့် မည်။”(ရောမ ၁ဝး၉)။ ယုံကြည်ခြင်းနှင့် ကျင့်ကြံခြင်း၊ ကိုးစားခြင်းနှင့် အမှုတော်ဆောင် ခြင်းတို့သည် အမြဲဒွန်တွဲနေပါသည်။ “ငါသည် တံခါး(စိတ်နှလုံးတံခါး)ရှေ့မှာရပ်၍ ခေါက် လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့(ခေါ်တော်မူသံကိုနား ထောင်လျက် စိတ်နှလုံးတံခါးကိုဖွင့်လှစ်ရပါမည်)။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစား သောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။’ (ဗျာဒိတ် ၃း၂ဝ)။ အပြစ်အားလုံးဖြေလွှတ်လျက် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြရခြင်းသည် အဘယ်မျှထူးခြား၍ ကြီးကျယ်မြင့်မြတ်သောအ ရာဖြစ်ပါသနည်း။”(ရောမ ၅း၁)။ ဤသည်ပင် မြေကြီးပေါ်၌ ကောင်းကင်ဘုံဖြစ်လာခြင်း ၏အစပေတည်း။
“လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ’’(၂ကော ၅း၁၇)။ “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့် သောသူတို့သည် အပြစ်စီရင် ခြင်းနှင့်လွတ်ကြ၏။’’(ရောမ ၈း၁)။ ကိုယ်ကာယတပ်မက်ခြင်းနှင့် လောကီစည်းစိမ်၌ဝါ ကြွားခြင်း (၁ယောဟန် ၂း၁၅−၁၇)နှင့် ဇာတိပကတိ၏အလိုတို့သည် “ကယ်တင်ခြင်း” စည်းအပြင်၌ရှိသော အရာများသာဖြစ်ကြပါသည် (ဂလာတိ ၅း၁၉-၂၁)။ (ဂလာတိ ၅း၂၂-၂၆)တွင် ဖော်ပြထားသော ဝိညာဉ်ပကတိအကျိုးများမှာမူ ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင် သော ကတိတော်များပင်ဖြစ်ပေသတည်း။ (၁တိ ၄း၈)။