ဝေစာများ
အမှန်တကယ်တွင် ဘဝအသက်တာကို ပို၍ရှုပ်ထွေးစေပါသည် လူအချို့သည် သူတို့၏မိဘများ၏ ဘဝထက်သာ၍ အေးဆေးလွယ်ကူသောဘဝ၌ နေထိုင်ဖို့ရာနည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော်လည်း ထူးခြားမှုမရှိပဲ သာ၍ပင် ခက်ခဲသောသူများဖြစ်ကြရသည်၊ စိတ်ပင်ပန်း၍သောကရောက်နေကြသည်၊ အထက်ပါမေးခွန်းကိုဆင်ခြင်ကြည့်သော် လူတို့အတွက် လမ်းညွှန်ခြင်း တိုင်ပင်ခြင်း၊ လုံခြုံခြင်းနှင့် ယုံကြည်စိတ်ချခြင်းတို့ လိုအပ်နေသည်ကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးငြိမ်သက်ခြင်းကို လိုအပ်နေကြသည်။ စိတ်၏ငြိမ်သက်ခြင်းကို လိုချင်နေကြသည်။ စိတ်ငြိမ်သက်ခြင်းသည် အဖိုးထိုက်တန်သော ဘဏ္ဍာပင်မဟုတ်ပါလော။ လွန်စွာရှုပ်ထွေးလှသော ဤကမ္ဘာလောက၊ မျော်လင့်ချက်ကင်းမဲ့သော ဤကမ္ဘာလောက၊ အနှောက်အယှက်တွေပေးသော ဤကမ္ဘာလောကနှင့် များစွာသော ဒုက္ခပြဿနာဖြင့် ပြည့်ဝနေသော ဤကမ္ဘာလောကကြီး၌ စိတ်ငြိမ်သက်ခြင်းကို အမှန်တကယ်တွေ့ရှိ နိုင်ပါမည်လား၊ များစွာသောသူတို့သည် ထင်ပေါ်ကျော်ကြားခြင်း အခွင့်အလမ်းများကို၎င်း၊ ပျော်ရွင်သာယာခြင်းနှင့် ဩဇာ အာဏာတို့ကို၎င်း ပညာရေးနှင့် ဗဟုသုတတို့ကို၎င်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် ထိမ်းမြှားခြင်းတို့ကို၎င်း၊ ကျယ်ကျယ်ပြန့်ပြန့် အသဲအသန်ရှာဖွေနေကြပါသည်။ အသိပညာဗဟုသုတများဖြင့် ပြည့်ဝချင်နေကြသည်။ သို့သော်သူတို့၏ ဝိညာဉ်ရေးရာတွင် ဗလာအဖြစ်ကျန်ရစ်စေကြသည်။ အချို့သောသူတို့သည် သေရည် သေရက်သောက်စားခြင်းအားဖြင့် စစ်မှန်သော ဘဝအသက်တာကို တိမ်းရှောင်နေကြ၏။ သို့သော် သူတို့ရှာဖွေသော ငြိမ်သက်ခြင်းသည် လိုက်လေဝေးလေဖြစ်သည်၊ သူတို့ရှာဖွေသော အရာအားလုံးသည် သူတို့ကို အကျိုးမဖြစ်ထွန်းစေပဲ အချည်းနှီးသက်သက်သာ ဖြစ်သော အကျင့်အားဖြင့် ဆိုးညစ်သည့် ဘဝဇာတ်ခုံသို့သာ ပို့ဆောင်ပေးနေပါသည်။ သူတို့သည် ဒုက္ခနှင့်ပြည့်နက်နေသော ကမ္ဘာလောကထဲတွင် သောကစိတ်တွေနှင့်တကွ အကျိုးမရှိပဲ အထီးကျန်နေကြသေး၏။ များစွာသောလူတို့သည်လက်ဆုပ်လက်ကိုင်မပြနိုင်သော အပြင်သဏ္ဍာန်အရာများကိုရှာဖွေနေကြ၍ အတွင်း သဏ္ဍာန်ကိုမူ အလေးမထား လျစ်လျူရှုကြ၏။ သူတို့ရှာဖွေသင့်သော အရာကိုရှာဖွေရန် ကြောက်ရွံ့နေကြ၏။ မိမိတို့၏ပူပန်သောစိတ်ကြောင့် ဒုက္ခဆူးများနှင့်ပြည့်နက်နေသော ကမ္ဘာလောကကို အပြစ်တင်ချင်နေကြ၏၊ အနှောက်အယှက်ကြားကလူသား ယခင်ကဘုရားသခင်၏မျက်မှောက်တော်ကို
ဖန်ဆင်းရှင် အမှန်ရှိသလော။ ဘုရားသခင်၊ သို့မဟုတ် စကြာဝဠာအုပ်စိုးရှင်သည် အမှန်ရှိ၏လော။ အမှန်ရှိကြောင်း မည်သို့ သိနိုင်မည်နည်း။ ဤမေးခွန်း၏အဖြေသည် အရေးကြီးဆုံးသော အဖြေဖြစ်သည်။ အဘယ့်ကြောင့်မူ ဖန်ဆင်းရှင် အမှန်တကယ် ရှိသည်ကို မသိကျိုးကျွန်ပြုလျှင် မည်သို့သော အကျိုးဆက်များ ခံရမည်နည်းဟူသော အချက်ကြောင့် ဖြစ်သည်။ ဤအဖြေကို စူးစမ်းရှာဖွေနေသည့် မေးခွန်းပေါင်းများစွာ ရှိသည်။ ဤလောကသို့ အဘယ့်ကြောင့် ရောက်နေရသနည်း။ မိမိသည် မည်သည့်အရပ်က လာသနည်း။ တမလွန်ဘဝတွင် မည်သို့ဖြစ်ပျက်မည်နည်း။ ဘဝရည်ရွယ်ချက်အမှန်သည် အဘယ်နည်း။ မိမိ၏ ဖြစ်တည်မှုအတွက် အကြောင်းရင်းမှန် တစ်ခုခုတော့ ရှိရမည်။ လူတို့သည် ခေတ်အဆက်ဆက်တွင် မိမိတို့ထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာ၊ သို့မဟုတ် တစ်စုံတစ်ဦးကို ကိုးကွယ်ဆည်းကပ်ရမည်ဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ ရှေးခေတ်ယဉ်ကျေးမှုတွင် နေဘုရားများ၊ လဘုရားများ၊ မိုကြိုးဘုရားများနှင့် အခြားသော ဘုရားပေါင်းများစွာ ရှိခဲ့သည်။ တချို့သော မူလအမေရိကန် တိုင်းရင်းသားတို့ကို ဥရောပတိုက်သားများက တွေ့ရှိချိန်တွင် မဟာဝိညာဉ်ဟုခေါ်သည့်အရာကို ကိုးကွယ်နေခဲ့ကြသည်ဟု ဆိုသည်။ ရှေးခေတ်ဂျူးလူမျိုးများသည် ကမ္ဘာမြေကြီးဖန်ဆင်းရှင် ယာဝေးကို ကိုးကွယ်ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်တိုင်း၏ ကိုယ်ထဲတွင် သာလွန်မြင့်မားသည့်စွမ်းအားနှင့် ဆယ်နွယ်လိုသည့် တစ်စုံတစ်ခုသောအရာ ရှိနေသည်မှာ သေချာလှပေသည်။ တောရိုင်းငှက်တို့၏ အသိဉာဏ်တွင် ပိုမိုနွေးထွေးသော ဥတုရာသီရှိရာအရပ်သို့ ပြောင်းရွှေ့ကျက်စားချိန်တန်သည်ကို သိနိုင်မည့်အကြောင်း ရက်ချိန်းမှတ်တမ်းကို မည်သူက ထည့်ပေးခဲ့သနည်း။ မိုင်ပေါင်းထောင်ချီဝေးရာအရပ်တွင် နွေဦးတကျော့ ပြန်လည်ပြီကို ၎င်းတို့သည် မည်သို့များ သိနိုင်လေသနည်း။ ပင်ကိုယ်သိစိတ်ကြောင့်ဖြစ်သည်ဟု ဆိုကောင်းဆိုကြပေမည်။ မှန်ပါသည်။ သို့သော် ထိုပင်ကိုယ်သိစိတ်ကို မည်သူက ထည့်သွင်းပေးခဲ့သနည်း။
အခန်း
သမ္မာကျမ်းစာတွင် အောက်ပါအတိုင်း ဖတ်ရသည်။ ”သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏”_(ဗျာဒိတ်ကျမ်း၊ ၂ဝ:၁၂)။ ဘုရားသခင် မှတ်တမ်းထားသည်မှာ ဤကျမ်းပိုဒ်က သက်သေဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ မာရီလန်းပြည်နယ်မှ လူငယ်တစ်ဦးဖြစ်သူ ဂျိုဆွာဟဲရစ်သည် ပွာတိုရီကိုနိုင်ငံတွင် အချိန်အတန်ကြာ နေထိုင်ခဲ့သည်။ တစ်ညတွင် အိပ်မက်တစ်ခု မက်ရာ မိမိ၏ ယုံကြည်ခြင်းကင်းမဲ့မှုကို ပဲ့ပြင်သည့်အနေဖြင့် ဘုရားသခင်မှ ပေးမက်သည်ဟူ၍ ခံစားမိလေသည်။ သည်အိပ်မက်သည် ယေရှုခရစ်ကိုယ်တော်တိုင်နှင့် အသွေးတော်၏ အသက်တာပြောင်းလဲစေနိုင်သော တန်ခိုးစွမ်းအားကို ဂျိုဆွာဟဲရစ်အား ပြန်လည်အမှတ်ရစေခဲ့သည်။ ထိုအိပ်မက်အကြောင်းကို မိတ်ဆွေအပေါင်းတို့အား ဝေမျှလိုပါသည်။ *** အိပ်မက်အခန်းလေး အဲဒီအချိန်မှာ ကိုယ်ရောက်နေတဲ့ နေရာကို မပြောဘဲ အလိုလို သိလာတယ်။ ဖိုင်တွဲတွေနဲ့ အသက်မဲ့အခန်းလေးဟာ ဘဝကို မှတ်တမ်းတင်တဲ့ ကတ်တလောက်စနစ်တစ်ခုပါလား။ ဒီနေရာမှာ မှတ်ဉာဏ် လိုက်မမီနိုင်တဲ့အထိ ကိုယ့်ရဲ့ လုပ်ဆောင်မူမှန်သမျှကို ကြီးငယ်မရွေး အသေးစိတ် မှတ်တမ်းတင်ထားတယ်။ ကိုယ် ရှင်သန်နေထိုင်ပြီးတဲ့ ဘဝစာစောင်ရေကို ကြည့်ရတာ မိန်းမောတွေဝေစေပါတယ်။ သိန်းချီ၊ သန်းချီ ရှိနိုင်တဲ့ ကတ်ပြားတွေကို အသက် (၂ဝ) အတွင်းမှာ ရေးနိုင်ဖို့ အချိန်ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ ကတ်တစ်ခုချင်းစီကတော့ မှန်ကြောင်းကို အတည်ပြုနေတယ်။ အားလုံးက ကျွန်တော့် လက်ရေးနဲ့ လက်မှတ်တွေ ထိုးထားတယ်။ ”မလုပ်ပါနဲ့ ကိုယ်တော်” ”အမူပြီးပြီ..ငါ့သား” တဲ့။